ရန်ကုန် ဒီဇင်ဘာ ၁၇
ဆီးဂိမ်းပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၁၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။
အုပ်စုဒုတိယနေ့တွင် မြန်မာအမျိုးသားအသင်းက တီမောအသင်းကို ၂-၀ ပွဲ၊ ဖိလစ်ပိုင် အသင်းကို ၂-၀ ပွဲဖြင့် အနိုင်ရရှိပြီး မြန်မာအမျိုးသမီးအသင်းက မလေးရှားအသင်းကို ၂-၀ ပွဲ၊ အင်ဒိုနီးရှား အသင်းကို ၂-၀ ပွဲဖြင့် အနိုင်ရရှိသည်။ ဒီဇင်ဘာ ၁၆ ရက်က ယှဉ်ပြိုင်သည့် အုပ်စုပထမနေ့တွင် မြန်မာအမျိုးသားအသင်းက အိမ်ရှင်ထိုင်းအသင်းကို ရှုံးပြီး အင်ဒိုနီးရှားအသင်းကို အနိုင်ရသော်လည်း မြန်မာအမျိုးသမီးအသင်းမှာမူ အိမ်ရှင်ထိုင်းအသင်းကို အရေးနိမ့်ခဲ့သည်။ အုပ်စုပွဲစဉ်များအပြီးတွင် အမျိုးသားပြိုင်ပွဲ အုပ်စု (A) ၌ ထိုင်းအသင်းက အုပ်စု ပထမ၊ မြန်မာအသင်းက အုပ်စု ဒုတိယ၊ အုပ်စု (B) ၌ လာအိုအသင်းက အုပ်စုပထမ၊ ဗီယက်နမ်အသင်းက အုပ်စုဒုတိယရရှိသည်။ အမျိုးသမီးပြိုင်ပွဲတွင် အုပ်စု (B) ပွဲစဉ်များသာ ပြီးဆုံးသေးပြီး အုပ်စု (A) ပွဲစဉ်များမပြီးဆုံးသေးသဖြင့် တစ်သင်းထွက်ပေါ်ရန် ကျန်ရှိနေပြီး ဗီယက်နမ်အသင်းက အုပ်စုပထမရရှိကာ အုပ်စု (B) ၌ ထိုင်းအသင်းက အုပ်စုပထမ၊ မြန်မာအသင်းက အုပ်စုဒုတိယရရှိသည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသားအသင်းက လာအိုအသင်း၊ မြန်မာအမျိုးသမီးအသင်းက ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ကိုညီလေး


