ကျောက်မဲ ဒီဇင်ဘာ ၁၉

 

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့် အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ ပြည်သူများအား ဖျော်ဖြေတင်ဆက်ရန်အတွက် ယနေ့ နံနက်ပိုင်းက နေပြည်တော်မှ ထွက်ခွာရာ ညနေပိုင်းတွင် ကျောက်မဲမြို့သို့ ရောက်ရှိကြသည်။ 

 

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ကျောက်မဲမြို့နယ် ပြည်သူများနှင့် ဝန်ထမ်းများက ကျောက်မဲမြို့ အဝင်မုခ်ဦး၌ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီး အနုပညာရှင်များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် ကျောက်မဲမြို့ ကျက်သရေဆောင်ခန်းမ၌ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး တွေ့ဆုံပွဲကို ကျင်းပရာ “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဗီဒီယိုကလစ်ကို ဦးစွာဖွင့်လှစ်ပြသသည်။ 

 

ဆက်လက်၍ ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကျောက်မဲမြို့အတွက် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၊ MRTV DTH စလောင်းနှင့် ဆက်စပ်စ္စည်း အစုံ ၃၀ ၊ MRTV DVB – T2 Set Top Box အစုံ ၂၀ တို့ကို ပေးအပ်လှူဒါန်းရာ ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူးက လက်ခံရယူသည်။

 

ဆက်လက်၍ ဖျော်ဖြေရေး အစီအစဉ်ကို ဆောင်ရွက်ရာ ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ၊ ပွင့်၊ ဆောင်းယွန်းစံ၊ စည်သူဝင်း၊ သရုပ်ဆောင်/ တေးသံရှင် ဟန်ထူးဈာန်၊ စျာစျာန်ဟန်သာ၊ သံသာမိုးသိမ့် ၊ တေးသံရှင်စစ်သွေး ၊ ထက်အဉ္ဇလီ၊ ပိုးဖြူဖြူ၊ နွေဦးသခင်နှင့် MRTV မှ တေးသံရှင် တျားရုအောင်၊ စောဒယ်နီရယ်၊ စောရက်စတာ၊ ဝမ်းကေဇင်၊ ဖူးဧကရီဆောင်း၊ မြတ်ဆုချယ်၊ အင်ကြင်းနိုင်ဦး၊ မေသူမျိုး၊ လဝန်းမေနှင့် ခတ္တာတို့က သီဆိုဖျော်ဖြေကြပြီး ဒေသခံပြည်သူများကလည်း ပါဝင်သီဆိုကခုန်ကာ ပျော်ရွှင်စွာအားပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်