ချောက် ဒီဇင်ဘာ ၂၁

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပျောက်ဆုံး၊ ပျက်စီးသူများအား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သွင်သွင်ငြိမ်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များက ချောက်မြို့ပေါ်ရပ်ကွက်များရှိ နိုင်ငံသားစိစစ်ရေးကတ်မရှိသူ၊ ပျောက်ဆုံး/ပျက်စီးနေသူ ၄၇၀ အား နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)