ကင်ဘာရာ ဒီဇင်ဘာ ၂၁
ဩစတြေးလျနိုင်ငံ ဗွန်ဒီကမ်းခြေ၌ ဖြစ်ခဲ့သည့် ပစ်ခတ်မှုအပြီးတွင် နိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများ လုပ်ငန်းဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန်လိုကြောင်း ဝန်ကြီးချုပ် အန်ထော်နီ အယ်ဗားနိစ်က ဒီဇင်ဘာ ၂၁ ရက်တွင် ပြောသည်။
ပြန်လည်သုံးသပ်မည်ဖြစ်
နိုင်ငံသားများ၏ ဘေးကင်းရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများ၏ စွမ်းအား၊ တည်ဆောက်ပုံ၊ လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်က ယင်းကမ်းခြေတွင် ဂျူးများ၏ ပွဲတော်ကျင်းပနေစဉ် ပစ်ခတ်မှုဖြစ်သဖြင့် ဒေသခံများ သေဆုံးခဲ့သည်။ ၎င်းတိုက်ခိုက်မှုသည် အိုင်အက်စ်အဖွဲ့၏ ခံယူချက်ကို လက်ခံသူများကြောင့်သာ ဖြစ်ခဲ့ခြင်းဖြစ်ကာ ၎င်းတိုက်ခိုက်မှုအရ လုံခြုံရေးအစီအစဉ်များကို ကြပ်မတ် ဆောင်ရွက်ရမည်ဟူသည့်အချက်ကို ပြသနေကြောင်း အယ်လ်ဗားနိစ်က ပြောသည်။ အကယ်၍ တိုက်ခိုက်မှုများ ထပ်မံဖြစ်မည်ဆိုပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေးပြင်ဆင်ရမည်ဟု ၎င်းက ပြောသည်။ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အသက် ၅၀ အရွယ်ရှိ အကြမ်းဖက်သမားတစ်ဦး သေဆုံးခဲ့ပြီး ကျန်အကြမ်းဖက်သမားတစ်ဦးအား အကြမ်းဖက်မှုစွဲချက်များဖြင့် တရားစွဲဆိုခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


