ဖနွမ်းပင် ဒီဇင်ဘာ ၂၁

 

ကမ္ဘောဒီးယားနိုင်ငံ စာရေးဆရာအသင်းသည် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ တရုတ်နိုင်ငံရှိ နိုင်ငံအလိုက် စာရေးဆရာအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ဖိတ်ကြားလျက် ၎င်းတို့နိုင်ငံ၏ ဒုတိယအကြိမ်မြောက် အမျိုးသားစာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ Combodia Japan Co-operation Center ၌ ကျင်းပသည်။

 

ဆွေးနွေးဟောပြော

ဆွေးနွေးပွဲတွင် ကမ္ဘောဒီးယားနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ Pnoeung Pranit နှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) တို့က မိမိတို့၏ စာပေဘဝခရီးလမ်း အတွေ့အကြုံများကို အကြောင်းရင်းခံအဖြစ် ဆွေးနွေးကြကာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက “A writer is an ambssador of culture and peace” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသော စာပေဝါသနာရှင်များ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မောင်နိုင်