ပင်းတယ ဒီဇင်ဘာ ၂၁

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် မဲစာရင်းများကို ပထမအကြိမ်၊ ဒုတိယအကြိမ်တို့ဖြင့် ကြေညာထားပြီးဖြစ်ရာ တတိယအကြိမ် မဲဆန္ဒရှင်များ ကြေညာကပ်ထားနိုင်ရေး စိစစ်ရေးအဖွဲ့ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပင်းတယမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမောင်က မိမိမြို့နယ်အနေဖြင့် မဲဆန္ဒရှင်များ ဆန္ဒမဲပေးနိုင်မည့် အမည်စာရင်းများကို တတိယအကြိမ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ကပ်ထားကြေညာမည်ဖြစ်ကြောင်း ပြောကြားပြီး အတွင်းရေးမှူး ဒေါ်စုစုမွန်က မဲဆန္ဒရှင်များ ထပ်နေခြင်း ရှိ/ မရှိနှင့် ပင်းတယမြို့နယ်အနေဖြင့် မဲဆန္ဒရှင်များကျန်ရှိမှု မဖြစ်စေရေး စိစစ်သွားမည်ဖြစ်ပြီး ယနေ့အစည်းအဝေးတွင် မြို့နယ် ကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မိုးမိုးထွေး(ပြန်/ဆက်)