ကိုလံဘို ဒီဇင်ဘာ ၂၁
သီရိလင်္ကာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းနှစ်ခုက နိုင်ငံအတွင်း 5G အဆင့် ဆက်သွယ်ရေးကွန်ရက်ကို စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
သရုပ်ပြဆောင်ရွက်
မြန်နှုန်းမြင့် အင်တာနက်စနစ်၊ ဆက်သွယ်ရေး ကွန်ရက်မြန်ဆန်ခြင်းနှင့် ဂိမ်းကစားခြင်းအပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှုများပါဝင်သည့် 5G ဆက်သွယ်ရေးကွန်ရက်ကို မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် အက်စ်အယ်လ်တီမိုဗီတယ်က သရုပ်ပြဆောင်ရွက်ခဲ့သည်။ 5G ဆက်သွယ်ရေးကွန်ရက်တွင် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုထားပြီး အင်တာနက်ကို လွယ်လွယ်ကူကူအသုံးပြုနိုင်ကြောင်း ၎င်းလုပ်ငန်းတာဝန်ရှိသူ မိုသီလာဒီဆီဗာက ပြောသည်။
အခြားမိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်းဖြစ်သည့် ဒိုရာလော့ကလည်း ၎င်း၏ဝန်ဆောင်မှုများကို ဒီဇင်ဘာ ၁၈ ရက်က စတင်မိတ်ဆက်ခဲ့သည်။ ၎င်းလုပ်ငန်းထံတွင် သုံးစွဲသူ ၁ ဒသမ ၅ သန်းအား ဝန်ဆောင်မှုပေးနေသည့် အင်တာနက်ကွန်ရက်ရှိကြောင်း သိရသည်။ 5G ဆက်သွယ်ရေးကွန်ရက်သည် ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းအတွက် အရေးကြီးကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


