ရန်ကုန် ဒီဇင်ဘာ ၂၁

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ဒို့အတူတူမဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးသည်။

 

ထိုသို့ဖြန့်ဝေရာတွင် မရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ်ကွက်ရှိ ဗဟိုလမ်း၊ ဦးဘဟန်လမ်းသွယ်၊ မုဒိတာအိမ်ရာ (သမိုင်း)နှင့် အမှတ် (၂) ရပ်ကွက် တပင်ရွှေထီးလမ်းမစသည့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)