တံတားဦး ဒီဇင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ထားရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီတွင် တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

 

ထိုသို့ ရပ်ကွက်၊ ကျေးရွာများမှ အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးဆောင်ရွက်ရာတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက တတိယအကြိမ်အဖြစ် မဲစာရင်းများ မကြေညာခင် ကာလအတွင်း မဲစာရင်းများ မှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါရှိရေး၊ မပါဝင်သင့်သည့်သူများ မပါဝင်ရေးတို့ကို အလေးထား ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)