ပခုက္ကူ ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် တတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးတို့အတွက် ယမန်နေ့မွန်းလွဲ ၃ နာရီက ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြဧရာ (၁) ခန်းမ၌ ဆောင်ရွက်သည်။
စနစ်တကျစစ်ဆေးဆောင်ရွက်
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့် ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများ၊ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ချိုခိုင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ စုပေါင်း၍ မြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူများအားလုံး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး၊ တတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာနိုင်ရေးတို့အတွက် စနစ်တကျစစ်ဆေးဆောင်ရွက်ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


