ဒီဇင်ဘာ ၂၂

အင်ဒိုနီးရှားနိုင်ငံ ဗဟိုဂျာဗားပြည်နယ် ဆီမာရန်မြို့ရှိ Krapyak အခွန်ကောက်ခံရေးထွက်ပေါက်လမ်းဆုံတွင် ယမန်နေ့အစောပိုင်းက ဘတ်စ်ကားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

ဆီမာရန်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး၏ပြောကြားချက်အရ ခရီးသည်တင်ဘတ်စ်ကားသည် မြန်နှုန်းမြင့်မောင်းနှင်နေစဉ် ထိန်းချုပ်မှုလွတ်သွားခဲ့ပြီး လမ်းအတားအဆီးကို ဝင်တိုက်မိကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိခိုက်ဒဏ်ရာရသူအချို့သည် ဘတ်စ်ကားအတွင်း ပိတ်မိနေပြီး မှန်ကွဲများဖြင့်ပိတ်ဆို့နေပြီး ထိခိုက်ဒဏ်ရာရသူအချို့ ဘတ်စ်ကားအတွင်း ပိတ်မိနေသောကြောင့်ဟု ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် ခက်ခဲကြောင်း ဆီမာရန်ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး၏အကြီးအကဲက ပြောကြားခဲ့သည်။

တိမ်းမှောက်နေသောဘတ်စ်ကားအတွင်းသို့ ကယ်ဆယ်ရေးဝန်ထမ်းများဝင်ရောက်ကာ ထိခိုက်ဒဏ်ရာရသူများအား အထူးသတိထား၍ ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ပြီး  ဒေသရှိဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါရုံးက အတည်ပြုပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို