မင်းလှ ဒီဇင်ဘာ ၂၂
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံခန်းမ၌ ယနေ့နံနက်ပိုင်းတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ လှဝင်း ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသမှုပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ လစဉ် ၂၁ ရက်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


