တွံတေး ဒီဇင်ဘာ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကျောင်းပေါင်းစုံဘင်ခရာ ပြိုင်ပွဲ(ခ)အုပ်စုအသင်းလိုက် ပထမဆုနှင့် ကျိုင်းစွမ်းရည်ပထမဆုရ အထက(၁)တွံတေး ဘင်ခရာအဖွဲ့အား ဂုဏ်ပြုပွဲကို ယနေ့နံနက် ၉ နာရီတွင် အထက(၁) တွံတေးယုဇနခန်းမ၌ ကျင်းပသည်။

 

အမှာစကားပြောကြား

ဦးစွာ အထက (၁) တွံတေး ဘင်ခရာမောင်မယ်များက “မြတ်ဆရာသီချင်း တီးမှုတ်၍ သီဆိုဖွင့်လှစ်သည်။ ဆက်လက်၍ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်နွယ်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ယင်းနောက် အလှူရှင်များ၊ နည်းပြဆရာများနှင့် ဆုရရှိသည့် ဘင်ခရာအဖွဲ့ဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)