ရန်ကုန် ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ဓမ္မဝါဒီသီလရှင်စာသင်တိုက်သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် မိသားစုများနှင့် အမျိုးသမီးရေးရာ ကော်မတီဝင်များ၊ အလှူရှင်များက ဆွမ်းဆန်၊ ဆီ၊ နဝကမ္မဝတ္ထုငွေများလှူဒါန်းပွဲကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီက ဓမ္မဝါဒီသီလရှင်စာသင်တိုက်၌ ကျင်းပသည်။
ဆက်ကပ်လှူဒါန်း
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၏ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၏ ဇနီးများ၊ အလှူရှင်များက ဓမ္မ ဝါဒီသီလရှင်စာသင်တိုက် ပဓာန နာယကဆရာကြီး အင်းစိန်မြို့နယ် သီလရှင်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ သဒ္ဓမ္မဇောတိကဓဇ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါ်ဓမ္မသိင်္ဂီထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုက ဆွမ်းဆန် နှစ်အိတ်နှင့် ဆီ ၁၀ ပိဿာတို့ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်မိသားစုများ၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့်ဇနီး၊ မြတ်မေတ္တာမွန်ကုမ္ပဏီ၊ မြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအဖွဲ့(ရန်ကုန်)၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ လေးကျွန်းသူ ဖောင်ဒေးရှင်း၊ တိုင်းဒေသကြီး မြန်မာ့စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ရက်၊ တိုင်းဒေသကြီး အမျိုးသမီး အားကစား ဆပ်ကော်မတီ၊ တိုင်းဒေသကြီး မြန်မာ့သိုင်း အားကစား ဆပ်ကော်မတီ၊ ၁၄ ခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၊ ဘဏ္ဍာရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် အင်းစိန်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌတို့က ဆွမ်းဆန်၊ ဆီ၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်ထုပ်၊ ကြက်ဥ၊ အသီးအနှံခြင်းများနှင့် နဝကမ္မအလှူငွေများကို ဓမ္မဝါဒီ သီလရှင်စာသင်တိုက် ပဓာနနာယက ဆရာကြီး ဒေါ်ဓမ္မသိင်္ဂီထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်များ တက်ရောက်ကြပြီး စုစုပေါင်းပစ္စည်းနှင့် နဝကမ္မဝတ္ထု ငွေကျပ် ၁၈၇၂၃၀၀၀ ကို လှူဒါန်းခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)


