မိုးနဲ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်တွင် မဲရုံပြင်ဆင်ထားရှိမှုများ လိုက်လံကွင်းဆင်း စစ်ဆေးခြင်းများကို ဒီဇင်ဘာ ၂၂ ရက်က အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကိုဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ဗိုလ်မှူးစိုးလင်းအောင်၊ ဦးငိုပွယ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ပါဝင်သော အဖွဲ့များက မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အအုံများဖြစ်သော ဝမ်ဟေကျေးရွာ မဲရုံအမှတ်(၁)၊ အမှတ်(၂)၊ လွိုင်ပြေရပ်ကွက်မဲရုံ အမှတ်(၁)၊ အမှတ်(၂)နှင့် နားခံကျေးရွာမဲရုံ အမှတ်(၁)တို့ ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ မြို့နယ် ရွေးကောက်ပွဲအရာရှိ ဦးအောင်ကိုကိုဝင်းက မဲရုံများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)


