ရန်ကုန် ဒီဇင်ဘာ ၂၂
မီးသတ်ဦးစီးဌာနနှင့် Mandalay Golden Wing Construction Limited တို့ပူးပေါင်း၍ မရမ်းကုန်းမြို့နယ် (၁၀) ရပ်ကွက် ဦးထွန်းငြိမ်း လမ်းရှိ Diamond Inya Palace၌ သဏ္ဌာန်တူဖြစ်စဉ်ဖွင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဇာတ်တိုက်လေ့ကျင့်
အဆိုပါ သဏ္ဌာန်တူဖြစ်စဉ်ဖွင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး ဦးဆောင်၍ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၁၆ ဦး၊ ပိုလန်နိုင်ငံထုတ် အထပ်မြင့်အဆောက်အအုံများ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသုံး ခေတ်မီအဆင့်မြင့်ယာဉ်များဖြစ်သော 48 Meter Hydraulic Platform Vehicle နှစ်စီး၊ Medium Fire Fighting &Rescue Vehicle နှစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ Ambulance ယာဉ်နှစ်စီး၊ LUF 60 နှစ်စီးနှင့် LUF NANO နှစ်စီးတို့ကို ထုတ်နုတ်အသုံးပြုပြီး အထပ်မြင့်အဆောက်အအုံရှိ မီးလောင်မှုဖြစ်ပွားသည့်အခန်းအား မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ Fireman Lift အသုံးပြုဝင်ရောက်ခြင်းနှင့်အတူ 48 Meter Hydraulic Platform Vehicle အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းနှင့် မီးလောင်မှုအတွင်း ပိတ်မိနေသူများအား ဘေးလွတ်ရာသို့ ကယ်ဆယ်ရွှေ့ပြောင်းခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား မီးသတ်ဦးစီးဌာနရှိ EMS (Emergency Medical Services) အဖွဲ့က ရှေးဦးသူနာပြုစု၍ Ambulance ယာဉ်များဖြင့် နီးစပ်ရာဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းများကို ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဗလ


