ဘဂ္ဂဒက် ဒီဇင်ဘာ ၂၂
အီရတ်နှင့် ပါကစ္စတန်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ဒေသတွင်းတည်ငြိမ် အေးချမ်းမှုမြှင့်တင်ရေးတို့အတွက် အီရတ်သမ္မတ အဗ္ဗဒဲလာတဒ်ရာရှစ်နှင့် ပါကစ္စတန်သမ္မတ အဇစ်အလီဇာဒါရီတို့ ဒီဇင်ဘာ ၂၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသည့် တင်းမာမှုများလျော့ကျရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ချိန်ညှိဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးလုပ်ငန်းများ၏ အရေးပါပုံကို တာဝန်ရှိသူနှစ်ဦးကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။
အီရတ်အနေဖြင့် ပါကစ္စတန်နှင့် ယဉ်ကျေးမှု၊ သိပ္ပံနှင့်စီးပွားရေးနယ်ပယ်၊ ရေကြောင်းသွားလာရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အီရတ်သမ္မတက ပြောသည်။
ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်ကို မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။ မိမိတို့နှစ်နိုင်ငံကြား သမိုင်းတွင်သည့် ဆက်ဆံရေးတည်ရှိခဲ့ခြင်းကို ဂုဏ်ပြုကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအတွက် အီရတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိုမြှင့်တင်မည်ဟု ပါကစ္စတန်သမ္မတ အဇစ်အလီဇာဒါရီက ပြောသည်။
ပါကစ္စတန်သမ္မတ အဇစ်အလီဇာဒါရီသည် တရားဝင်အလည်အပတ်ခရီးအဖြစ် အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့သို့ ဒီဇင်ဘာ ၂၀ ရက်တွင် ရောက်ရှိခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


