ရန်ကုန် ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၏ စီစဉ်မှုဖြင့် ယနေ့မွန်းလွဲပိုင်းက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲ အခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ တာမွေမြို့နယ်အုပ်ချုပ် ရေးမှူး ဦးမြင့်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်အခွန်ဦးစီး ဌာနမှူး ဒေါ်စပယ်အောင်က တည်ဆဲ အခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် တက်ရောက်လာကြသူများက အခွန်ဆိုင်ရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


