ကဘူးလ် ဒီဇင်ဘာ ၂၂
အာဖဂန်နစ္စတန်နိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်ကိုးလကျော်အတွင်း နိုင်ငံတစ်ဝန်း စာသင်ကျောင်းနှင့် ဘာသာရေးကျမ်းစာသင်ကျောင်း ၁၂၀၈ ကျောင်းကို တည်ဆောက်ခြင်း သို့မဟုတ် မွမ်းမံပြင်ဆင်ခြင်းပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၁ ရက် နှောင်းပိုင်းက ကြေညာသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်နယ် ၃၄ ခုအနက် ပြည်နယ် ၁၉ ခုတွင် ကျမ်းစာသင်ကျောင်းနှင့် စာသင်ကျောင်းသစ် စုစုပေါင်း ၂၃၈ ကျောင်းကို ဝန်ကြီးဌာန၏ ဘတ်ဂျက်၊ အကူအညီပေးရေး အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအလှူရှင်များ၏ ငွေကြေးအကူအညီဖြင့် အာဖဂန် နီ ၂ ဒသမ ၅ ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၇၆ သန်းခန့်) အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မန်ဆော် အာမက်ဟမ်ဇာက ပြောကြားသည်။
အလားတူ အဆိုပါကာလအတွင်း ပြည်နယ် ၃၁ ခု၌ အာဖဂန် နီ ၁ ဒသမ ၂၇ ဘီလီယံတန်ဖိုးရှိ ရှိပြီးသားကျောင်းများနှင့် ကျမ်းစာသင်ကျောင်း ၉၇၀ ကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း တာဝန်ရှိသူများက ဆက်လက်ပြောကြားသည်။
ဆင်ဟွာ


