အူလန်ဘာတာ ဒီဇင်ဘာ ၂၂
မွန်ဂိုလီးယားနိုင်ငံ၏ နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်မှာ ယခုအခါ နှင်းများဖုံးလွှမ်းနေကြောင်း အမျိုးသား မိုးလေဝသနှင့် ပတ်ဝန်းကျင်စောင့်ကြည့်ရေးအေဂျင်စီက ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။
မွန်ဂိုလီးယားနိုင်ငံ၏ စုစုပေါင်း နယ်မြေ ၇၉ ရာခိုင်နှုန်းထက်မနည်းမှာ ဒီဇင်ဘာ ၂၀ ရက်အထိ နှင်းအထူ ၂၀ စင်တီမီတာအထိရှိသည့် နှင်းများဖုံးလွှမ်းနေပြီး ယခုနှစ်ဆောင်းရာသီ၌ ပြင်းထန်သည့် ဆောင်းရာသီရာသီဥတု 'dzud' ဘေးအန္တရာယ်ကြုံတွေ့နိုင်မှုအခြေအနေတိုးလာကြောင်း မိုးလေဝသစောင့်ကြည့်ရေးအေဂျင်စီက ထုတ်ပြန်ချက်တွင် ပြောကြားသည်။
'Dzud' သည် မွန်ဂိုလီးယားနိုင်ငံ၏ အလွန်အေးခဲသည့် ဆောင်းရာသီဥတုတစ်ခုကို ဖော်ပြသည့် ဝေါဟာရအသုံးအနှုန်းတစ်ခုဖြစ်ပြီး မြေပြင်၌အေးခဲခြင်း သို့မဟုတ် နှင်းများဖုံးလွှမ်းနေခြင်းတို့ ဖြစ်ပေါ်ခြင်းကြောင့် များပြားသည့်တိရစ္ဆာန်အရေအတွက်များ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
မွန်ဂိုလီးယားနိုင်ငံသည် ရှည်လျားပြီး အလွန်အေးသည့် ဆောင်းဥတုနှင့် တိုတောင်းသော နွေရာသီများဖြင့် ပြင်းထန်သည့် ကုန်းပိုင်းရာသီဥတုကြောင့် လူသိများကြောင်း သိရသည်။
ဆင်ဟွာ


