နမ့်စန် ဒီဇင်ဘာ ၂၃

 

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်း ဆွေးနွေးပို့ချခြင်းကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

 

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်ဆယ်က ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်က ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်ကို ရှင်းလင်း ပို့ချခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်မိုးမိုးဝေက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မျိုးမျိုးအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။       

သူရအောင်(နမ့်စန်)