နေပြည်တော် ဒီဇင်ဘာ ၂၃

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် တရုတ်ယွမ်ဖြင့် ဆောင်ရွက်နေမှုများ၊ တရုတ်ယွမ်ငွေကြေးဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့တွင် ငွေပေးချေမှု ပိုမိုချောမွေ့ အဆင်ပြေစေရန်နှင့် နှစ်နိုင်ငံအကြား ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်