အဘူဂျာ    ဒီဇင်ဘာ   ၂၃

နိုင်ဂျီးရီးယားရဲတပ်ဖွဲ့သည်   နိုင်ငံအလယ်ပိုင်း  ပလက်တိုးပြည်နယ်၌  လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၂၁ ရက် ညပိုင်းတွင် ပြန်ပေးဆွဲခံရသော  ခရီးသွား ၂၈  ဦးထက်မနည်းအတွက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၂၃ ရက်တွင်  ပြောသည်။

ပြန်ပေးဆွဲခံရသူများအတွက် ကယ်ဆယ်ရေးကြိုးပမ်းအားထုတ်မှုများ အရှိန်မြှင့်လုပ်ဆောင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခြားသော အေဂျင်စီများနှင့်အတူ ညှိနှိုင်းဆောင်ရွက်မှုများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း ပလက်တိုးပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ အလာဘို အဲလ်ဖရက်က ပြောသည်။

ပြန်ပေးဆွဲခံရသူများကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း၊ ပြန်ပေးဆွဲသူများကိုလည်း ရှာဖွေရေးလုပ်ဆောင်လျက်ရှိကြောင်းနှင့် ၎င်းတို့ကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း  အဲလ်ဖရက်က ပြောသည်။

အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် ပြန်ပေးဆွဲခံရသူများသည် ဘာသာရေးပွဲတော် တစ်ခုသို့သွားရာတွင် လမ်းခုလတ်၌ ကြားဖြတ်တိုက်ခိုက်ခံရကာ ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း သိရသည်။

ဆင်ဟွာ