တီဟီရန် ဒီဇင်ဘာ ၂၃
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက အီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ်ကို နိုင်ငံ့အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် တီထွင်ထားခြင်းဖြစ်ပြီး ညှိနှိုင်းမှုများ လုပ်ဆောင်သွားမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
မကြာသေးမီက အစ္စရေးနှင့် အမေရိကန်မီဒီယာများက ဖော်ပြသည့် အီရန်အပေါ် အစ္စရေး၏ စစ်ရေးအရ အရေးယူမှုအသစ်က အီရန်အား ၎င်း၏ ဒုံးကျည်အစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန် ဖိအားပေးခြင်း ရှိ၊ မရှိဆိုသည့် မေးခွန်းကို တုံ့ပြန်သည့်အနေဖြင့် အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် ဘာဂါအီက ထိုသို့မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်က ၎င်း၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကို တိုးချဲ့ခြင်းသည် လျင်မြန်စွာအရေးယူရန် လိုအပ်နိုင်သည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်သည်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လာမည့်အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စည်းရုံးပြောဆိုသွားမည်ဟု ယူဆရသည်။
အီရန်နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်အား ရန်သူများကို ကာကွယ်ရန် ပုံစံရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်ကြောင်းနှင့် ညှိနှိုင်းရန်မဟုတ်ကြောင်း ဘာဂါအီက ပြောကြားခဲ့သည်။
ဆင်ဟွာ


