ရန်ကုန် ဒီဇင်ဘာ ၂၆
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပ မည်ဖြစ်ရာ ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ယနေ့ နံနက် ပိုင်းမှစ၍ လေကြောင်း ခရီးဖြင့်ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသို့ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများအဖြစ် ရုရှား ဖက်ဒရေးရှင်းနိုင်ငံမှ Deputy Chairman (State Duma)ဖြစ်သူ Mr.Kara-ool Sholban ဦးဆောင်သော အဖွဲ့၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ Special Envoy for Asian Affairs,MFA Mr.Deng Xijun ဦးဆောင်သောအဖွဲ့၊ အိန္ဒိယနိုင်ငံမှ Former Army Commander Mr.Sahni Arun Kumar ဦးဆောင်သောအဖွဲ့၊ ကာဇက်စတန် နိုင်ငံမှ Deputy Chairman of the Commission Mr . Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံမှ NEC Member ဖြစ်သူ H.E. Mr. YICH Samethy ဦးဆောင်သောအဖွဲ့နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံမှ Mr.Nguyen Duc Thinh ဦးဆောင်သော အဖွဲ့တို့သည် ယနေ့တွင် သတ်မှတ်ချိန်များအလိုက် ရန်ကုန်မြို့သို့ ရောက်ရှိ လာကြခြင်းဖြစ်သည်။
အဆိုပါအဖွဲ့များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E.Mr . Iskander Azizov နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့မှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


