ဗြိတိန်တင်းနစ်အကျော်အမော် ဂျက်ခ်ဒရေပါသည် လာမည့်လတွင် ကျင်းပမည့် ဩစတြေးလျအိုးပင်းပြိုင်ပွဲကို ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖွယ်မရှိကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် ဗြိတိန်နံပါတ်တစ် တင်းနစ်ကစားသမား ဒရေပါသည် နွေရာသီ ဝင်ဘယ်ဒန် ပြိုင်ပွဲပြီးနောက်  တစ်ဦးချင်း ပြိုင်ပွဲများတွင် တစ်ပွဲသာ ကစားထားရသေးသည်။ သို့သော်လည်း ၎င်းသည် နှစ်တစ်နှစ်၏ ပထမဆုံးဂရင်းဆလမ်းပြိုင်ပွဲဖြစ်သည့် ဩစတြေးလျအိုးပင်းအမီ တင်းနစ်လောကသို့ ပြန်လည်ဝင်ရောက်ရန် မျှော်လင့်နေဆဲဖြစ်သည်။

ဩစတြေးလျအိုးပင်းပြိုင်ပွဲသည် လာမည့် ဇန်နဝါရီ ၁၈ ရက်တွင် စတင်ကျင်းပတော့မည်ဖြစ်သည်။ ကမ္ဘာ့အဆင့်(၁၀) ရှိ ဒရေပါသည် အဆင်သင့်မဖြစ်သေးဟု ယူဆသည့်အတွက် လန်ဒန်တွင် ကျင်းပမည့် ပြိုင်ပွဲတစ်ခုမှ ဒီဇင်ဘာလအစောပိုင်းတွင် နုတ်ထွက်ထားသူဖြစ်သည်။

မိုးဇက်