ဒီဇင်ဘာ ၂၉

သီရိလင်္ကာနိုင်ငံတွင်  ယခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုသည် ၂၀၁၈ ခုနှစ်စံချိန်တင် ခရီးသွားဝင်ရောက်မှုနောက်ပိုင်း နိုင်ငံတကာခရီးသွားဝင်ရောက်မှှုတွင် အရေအတွက်အများဆုံးဖြစ်ကြောင်း ခရီးသွားလုပ်ငန်းအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် စုစုပေါင်းခရီးသွားဝင်ရောက်မှုသည် ၂၃၃၃၇၉၇ ဦးအထိ ရောက်ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်က စံချိန်တင်ခရီးသွားဝင်ရောက်မှု ၂၃၃၃၇၉၆ ဦးထက် ကျော်လွန်ခဲ့သည်ဟု သိရသည်။

သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် အဓိကနိုင်ငံခြားငွေရှာဖွေပေးသည့်နေရာတစ်ခုဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိစေသည့် အဓိကရင်းမြစ်တစ်ခုဖြစ်ကာ ခရီးသွားဝင်ရောက်မှု စံချိန်သစ်တင်ခြင်းသည် ခရီးသွားနေရာတစ်ခုအဖြစ် ကျွန်းနိုင်ငံအပေါ် နိုင်ငံတကာယုံကြည်မှု တိုးပွားလာခြင်းကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို