ခရမ်း    ဒီဇင်ဘာ   ၂၉

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်တွင်  (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ခရမ်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက် ဖူဆယ်အားကစားကွင်း၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲကို ဒီဇင်ဘာ ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဖူဆယ်ဘောလုံးအသင်း ရှစ်သင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က အနိုင်ရဗိုလ်စွဲသွားသော အထက(၁)အသင်း၊ ဒုတိယဆုရရှိသော အထက(၂)အသင်းနှင့် တတိယဆုရရှိသောအထက (ကွမ်းမိုးဒိန်း)အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုများ၊ နှစ်သိမ့်ဆုရရှိသော အသင်းများနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများ၊ ဂိုးသွင်းအများဆုံးဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားဆုများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။                     

ခရမ်း(ပြန်/ဆက်)