ရန်ကုန်     ဒီဇင်ဘာ    ၃၀

ရန်ကုန်  အရှေ့ပိုင်းတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ယင်းတက္ကသိုလ် မိုးလုံလေလုံ  အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ  ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်  ခေတ္တပါမောက္ခချုပ် ဒေါက်တာမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး  ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

အဆိုပါပြိုင်ပွဲသို့   ဘာသာရပ် ခုနစ်ခုမှ ပြိုင်ပွဲဝင်များယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)