ဒီဇင်ဘာ ၃၁
အိန္ဒိယနိုင်ငံတောင်ပိုင်းကီရာလာပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါ (H5N1) ဖြစ်ပွားပြီးနောက် အိန္ဒိယအာဏာပိုင်များက ရောဂါဖြစ်ပွားမှုထိန်းချုပ်ရန် တင်းကျပ်သောအစီအမံများ ချမှတ်ခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။
ကီရာလာပြည်နယ်၏ မြို့တော် သီရုဗာနန္တပူရမ်၏ မြောက်ဘက် ၁၅၄ ကီလိုမီတာခန့်အကွာရှိ အာလပ်ပူဇာခရိုင်တွင် အဓိကအားဖြင့် ရောဂါကူးစက်မှုဖြစ်ပွားကြောင်း ဖော်ပြထားသည်။ တိရစ္ဆာန်မွေးမြူရေးဌာနမှ တာဝန်ရှိသူများက ဗဟိုချက်မှ တစ်ကီလိုမီတာအကွာအတွင်း ကြက်ငှက်များကို သုတ်သင်ရှင်းလင်းရန် ညွှန်ကြားထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


