နေပြည်တော် ၁၉ မတ် 

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Kevin Chang နှင့် UNDP ၏ စီမံကိန်းကိုယ်စားလှယ် ဒေါ်နွေးနွေးလွင်တို့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ်(I-2) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မတီ၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအခန်းကဏ္ဍများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးသည်။  

(သတင်းစဉ်)