ဇန်နဝါရီ ၇
ထိုင်းနိုင်ငံတစ်ဝန်းတွင် တစ်ပတ်ကြာ နှစ်သစ်ကူးခရီးသွားလာရေးကာလအတွင်း ယာဉ်မတော်တဆမှု ၁၅၁၁ ခု ဖြစ်ပွားခဲ့ရာ စုစုပေါင်း လူ ၂၇၂ ဦး သေဆုံးပြီး ၁၄၆၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့ကတရားဝင်ဖော်ပြထားသည်။
ပြည်ထဲရေးဝန်ကြီးဌာန၏ပြောကြားချက်အရ ဒီဇင်ဘာ ၃၀ ရက်မှ ဇန်နဝါရီ ၅ ရက်အထိ ပြုလုပ်ခဲ့သော လမ်းဘေးကင်းရေးလှုပ်ရှားမှုသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယာဉ်မတော်တဆမှု၊ ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအရေအတွက် ကျဆင်းသွားသည်ဟု သိရသည်။
မြန်နှုန်းမြင့်မောင်းနှင်မှုသည် အသက်ဆုံးရှုံးမှုဖြစ်စေသော မတော်တဆမှုများ၏ အဓိကအကြောင်းရင်းဖြစ်ပြီး အရက်မူးပြီးမောင်းနှင်ခြင်းနှင့် ရုတ်တရက်လမ်းကြောင်းပြောင်းလဲခြင်းတို့ ရှိကြောင်းနှင့် ဘန်ကောက်မြို့တော်တွင် ၂၂ ဦး သေဆုံးပြီး သေဆုံးမှုအများဆုံးဖြစ်ကာ တောင်ပိုင်းအပန်းဖြေကျွန်း ဖူးခက်သည် မတော်တဆမှုနှင့် ဒဏ်ရာရရှိမှု စုစုပေါင်း ၅၅ ဦးနှင့် ၅၈ ဦး အသီးသီးရှိကာ အများဆုံးဖြစ်ကြောင်း ထိုဌာနက တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


