နေပြည်တော် ၁၉ မတ်
ဘန်ကောက်မြို့အခြေစိုက် သြစတြီးယားနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Dr. Eva Hager ဦးဆောင်သော အဖွဲ့သည် မတ် (၁၉) ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၅) ၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်အား လာရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာအစိုးရ၏ e-Government လုပ်ငန်းများနှင့်စပ်လျဉ်း၍ သြစတြီးယားနိုင်ငံမှ ပူးပေါင်းဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


