ဇန်နဝါရီ ၈

ဘင်္ဂလားပင်လယ်အော်တွင် ပြင်းထန်သောမုန်တိုင်းတစ်ခုသည် ဇန်နဝါရီ ၉ ရက်တွင် နိုင်ငံအပေါ်သက်ရောက်မှုရှိနိုင်သောကြောင့် မိုးလေဝသဌာနက ပင်လယ်ပြင်ရှိ ငါးဖမ်းသမားများကို ချက်ချင်းပြန်လာရန် သို့မဟုတ် ဘေးကင်းသောဆိပ်ကမ်းကို ရှာဖွေရန်  ယနေ့တွင်တိုက်တွန်းပြောကြားသည်။

အဆိုပါမုန်တိုင်းသတိပေးချက် နောက်ထပ်မထွက်မချင်း ငါးဖမ်းသမားများအနေဖြင့် ပင်လယ်ပြင်သို့ မထွက်ခွာရန်လည်း မိုးလေဝသဌာနက အကြံပေးခဲ့သည်ဟု သိရသည်။

ယမန်နှစ်က ဆိုင်ကလုန်းမုန်တိုင်း ဒစ်ဝါ တိုက်ခတ်ခဲ့ပြီးဖြစ်သော ခရိုင်အတော်များများတွင် မိုးရေချိန် ၁၀၀ မီလီမီတာထက်ပို၍ မိုးရွာသွန်းနိုင်ကြောင်း ထိုဌာနက ပြောကြားခဲ့ပြီး သက်ဆိုင်ရာအာဏာပိုင်များကို အသင့်ပြင်ဆင်ထားရန် တိုက်တွန်းခဲ့သည်။

နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းပါက မြစ်များနှင့် ရေလှောင်ကန်များရှိ ရေမျက်နှာပြင်များ လျင်မြန်စွာ မြင့်တက်လာနိုင်ကြောင်း ဆည်မြောင်းဌာနက သတိပေးခဲ့သည်။

အရှေ့ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနှင့် ယူဗာပြည်နယ်များရှိ အဓိကရေလှောင်ကန် ၇၃ ခုအနက် ၂၅ ခုနှင့် အလတ်စားရေလှောင်ကန် ၂၄ ခုတို့တွင် ရေယိုစိမ့်မှုတံခါးများကို ကြိုတင်ကာကွယ်သည့်အနေဖ့င့် ဖွင့်လှစ်ထားကြောင်း ထိုဌာနက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို