ဇန်နဝါရီ ၉
အိမ်နီးချင်း အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် ထိန်းသိမ်းခံထားရသော အာဖဂန်နိုင်ငံသား ၂၅၀၀ နီးပါးကို ပြီးခဲ့သည့်လအတွင်း ပြန်လွှတ်ပေးခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံမီဒီယာ တိုလိုသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါပြန်လည်ရောက်ရှိလာသူအများစုသည် တရားဝင်နေထိုင်ခွင့်စာရွက်စာတမ်းများ မရှိခြင်း သို့မဟုတ် ဗီဇာသက်တမ်း ကုန်ဆုံးခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသူများဖြစ်ကြောင်းနှင့် ၎င်းတို့သည် တစ်ရက်မှ နှစ်လအထိ ထိန်းသိမ်းခံခဲ့ရသူများဖြစ်ကြောင်း ဖော်ပြထားသည်။
အာဖဂန်နစ္စတန်သို့ ပြန်လည်ရောက်ရှိလာသူများကို သက်ဆိုင်ရာအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ပြီး ၎င်းတို့၏ အခြေခံအချက်အလက်များကိုမှတ်တမ်းတင်ကာ ၎င်းတို့၏နေရပ်ပြည်နယ်များသို့ ပြန်လည်ပို့ဆောင်ရာတွင် အထောက်အကူပြုရန် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး အရေးပေါ်အကူအညီများ ပေးအပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ထပ်လောင်းဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


