နေပြည်တော် ဇန်နဝါရီ ၁၀

 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယမန်နေ့က အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကြို့ပင်သာကျေးရွာသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကြို့ပင်သာ-ပေါင်းလောင်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ စစ်တောင်းမြစ်ကူးကွန်ကရစ်တံတားပေ ၆၀၀ ကို ဆက်သွယ်သွားလာမှုမပြတ်တောက်စေရန် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ခဲ့မှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ပြုပြင်ရန်ကျန်ရှိသည်များ အမြန်ပြုပြင်နိုင်ရေး ကြိုတင်စီမံထားရန်၊ အရည်အသွေးပြည့်မီရေးအတွက် တာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲ ကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ရုံးပင်ကျေးရွာသို့ သွားရောက်၍ ရုံးပင်-အေးချမ်းသာ စစ်တောင်းမြစ်ကူး ကွန်ကရစ်တံတားပေ ၈၄၀ ငလျင်ဒဏ် ထိခိုက်ပျက်စီးမှုများကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြန်လည်ပြုပြင်ခဲ့မှုများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်