ရေး ဇန်နဝါရီ ၁၁
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှစတင်ကာ နိုင်ငံတစ်ဝန်းနေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မွန်ပြည်နယ် ရေးမြို့နယ် (လမိုင်းမြို့နှင့် ခေါဇာမြို့) အပါအဝင် မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိသည်။
ဆန္ဒပြုရွေးချယ်
နံနက် ၆ နာရီတိတိတွင် မဲရုံမှူးက မဲရုံကိုစတင်ဖွင့်လှစ်ပြီး ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းအမှတ်စဉ်လက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီး အတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ကြသည်။
ရေးမြို့နယ်အနေဖြင့် မဲရုံစုစုပေါင်း ၂၉ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၄၇၆၃၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မင်းမင်း


