တံတားဦး ဇန်နဝါရီ ၁၁
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီမှစတင်၍ တံတားဦးမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲလာရောက်ပေးကြရာ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့် အဖွဲ့ဝင်များက မဲပေးရာ၌ စနစ်တကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
တံတားဦးမြို့နယ် ရပ်ကွက်/ ကျေးရွာအုပ်စု ၂၀ တွင် မဲရုံပေါင်း ၄၀ ထားရှိပြီး အသက် ၁၈ နှစ်နှင့်အထက် ဆန္ဒမဲပေးရန် အကျုံးဝင်သည့်အမျိုးသားဦးရေ ၁၇ ဒသမ ၄၁၆ ဦး၊ အမျိုးသမီးဦးရေ ၂၀ ဒသမ ၉၇၆ ဦး စုစုပေါင်း ၃၈ ဒသမ ၃၉၂ ဦးရှိကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


