ဒါကာ ဇန်နဝါရီ ၁၁
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကုန်အထိ မိုဘိုင်းဖုန်းအသုံးပြုသူ စုစုပေါင်းအရေအတွက်မှာ ၁၈၇ သန်းကျော်ရှိကြောင်း နိုင်ငံ၏ဆက်သွယ်ရေးအဖွဲ့အစည်းမှ မကြာသေးမီက ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ သိရသည်။
နိုဝင်ဘာလအတွင်း တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စာရင်းသွင်းထားသူအရေအတွက်မှာ ၁၈၇ ဒသမ ၀၆ သန်းရှိကြောင်း၊ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မိုဘိုင်းကုမ္ပဏီ လေးခုရှိပြီး ၎င်းတို့အနက် သုံးခုမှာ ပြည်ပကျောထောက်နောက်ခံပြု ဆဲလ်ဖုန်းအော်ပရေတာများဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


