ကိတ်တောင်း ဇန်နဝါရီ ၁၁
တောင်အာဖရိကနိုင်ငံ၏ ဝက်စတန်ကိပ်နှင့် အိစတန်ကိပ်ပြည်နယ်တို့၌ ဇန်နဝါရီ ၁၀ ရက်က တောမီးအများအပြား ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း အာဏာပိုင်များက ပြောသည်။ ဝက်စတန် ကိပ်ပြည်နယ်တွင် ဟက်တာ ၁၀၀၀၀၀ ကျော် လောင်ကျွမ်းပြီး ဖြစ်ကြောင်းနှင့် နောက်ထပ်ဘေးလွတ်ရာ ရွှေ့ပြောင်းရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုများမှာ ဝက်စတန်ကိပ်ပြည်နယ်တစ်ခုလုံးအပြင် အိမ်နီးချင်း အိစတန်ကိပ်ပြည်နယ် ဒေသအများအပြားအထိ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ဝက်စတန်ကိပ်ပြည်နယ်ဝန်ကြီးချုပ် အလန်းဝင်ဒီက အများပြည်သူပိုင် ရုပ်သံလွှင့်ဌာန SABC သို့ ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပြောသည်။
လက်ရှိအချိန်အထိ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး အစီရင်ခံဖော်ပြထားခြင်းမရှိသေးပေ။ တောမီးထိန်းချုပ်နိုင်ရေးအတွက် စစ်ဘက်သုံး ရဟတ်ယာဉ်အပါအဝင် ရဟတ်ယာဉ်အများအပြားကို စေလွှတ်ထားကြောင်း ဝင်ဒီက ပြောသည်။
ဆင်ဟွာ


