လီဗာပူးအသင်း ခံစစ်ကစားသမား ကော်နာဘရက်ဒလေသည် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မည်ဖြစ်ကြောင်း သိရသည်။ အသက် ၂၂ နှစ်အရွယ် ဘရက်ဒလေသည် ဇန်နဝါရီ ၉ ရက်က အာဆင်နယ်ကို ဂိုးမရှိသရေကျခဲ့သော ပွဲစဉ်တွင် အဆိုပါ ဒဏ်ရာရရှိ ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် မြောက်အိုင်ယာလန်ခံစစ်ကစားသမား ဘရက်ဒလေသည် လာမည့် မတ် ၂၆ ရက်တွင် ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ယှဉ်ပြိုင်ကစားမည့် နာမည်ကြီး အီတလီအသင်းနှင့်ပွဲစဉ်ကိုလည်း လွဲချော်ဖွယ်ရှိနေသည်။
ဘရက်ဒလေသည် လီဗာပူးအသင်းအတွက် ပရီမီယာလိဂ်ပြိုင်ပွဲ တွင် ၁၅ ပွဲ ပါဝင်ယှဉ်ပြိုင်ကစားထားပြီး ဂိုးဖန်တီးမှု တစ်ကြိမ်ပြုလုပ်ထားသည်။
မိုးဇက်


