ဟနွိုင်း     ဇန်နဝါရီ     ၁၂

ဗီယက်နမ်ရဲတပ်ဖွဲ့သည် နိုင်ငံရှိ ဟာလောင်းစည်သွတ်ဘူးလုပ်ငန်းမှ အမှုဆောင်အရာရှိချုပ်တစ်ဦးကို အာဖရိကဝက်အပြင်းဖျားရောဂါ ပိုးကူးစက်ခံထားရသည့် ဝက်သားတန်ချိန် ၁၃၀ ကို စားသောက်ကုန် ထုတ်လုပ်ရာတွင်  သုံးစွဲခဲ့သည့်အတွက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းစားသောက်ကုန်လုပ်ငန်းသိုလှောင်ရုံတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ကူးစက်ခံထားရသည့် ဝက်များမှ ရယူခဲ့သည့် ဝက်သားများကို  သိုလှောင်ခဲ့သည့်အတွက် အမှုဆောင်အရာရှိချုပ် ထရူအုံ ဆေတုန်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ စားသောက်ကုန်အရည်အသွေးမမီသည့် ဝက်သားများကို သိုလှောင်သိမ်းဆည်းသည့် လုပ်ငန်းများတွင် တိုက်ရိုက်ပတ်သက်ကြောင်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါလုပ်ငန်းမှ ကုန်ကြမ်းစစ်ဆေးသည့်  လုပ်သားသုံးဦးကိုလည်း ဖမ်းဆီးခဲ့သည်။

၂၀၂၅   ခုနှစ်   စက်တင်ဘာလအတွင်းက   ဟိုင်ဖောင်ပြည်နယ် ရဲတပ်ဖွဲ့ဝင်များသည် ယာဉ်နှစ်စင်းအား   စစ်ဆေးခဲ့ရာမှ ဝက်သား မက်ထရစ်တန်  ၁  ဒသမ  ၂   တန်ကို  တင်ဆောင်ခဲ့ကြောင်းနှင့် ၎င်းဝက်သားများတွင် အာဖရိကဝက်အပြင်းဖျားရောဂါ   ကူးစက်ခံရကြောင်း  စစ်ဆေးတွေ့ရှိခဲ့သည်။ 

ကိုးကား - VN Express

ဘာသာပြန် - စိုးသူရ