ဂျကာတာ  ဇန်နဝါရီ   ၁၂

အင်ဒိုနီးရှားနိုင်ငံ၌ ဒေသအသီးသီးကြား ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းကွာဟမှုများကို ထိန်းညှိရန် ၂၀၂၆ ခုနှစ်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်   ဆန်ဈေးနှုန်း တစ်ပြေးညီသတ်မှတ်မည့် မူဝါဒကိုကျင့်သုံးရန် ပြင်ဆင်နေကြောင်း စားနပ်ရိက္ခာရေးရာ ညှိနှိုင်းရေးဝန်ကြီး ဇူလ်ကစ်ဖလီ ဟာဆန်၏   ပြောကြားချက်ကို   ဒေသမီဒီယာများက ဇန်နဝါရီ ၁၂ ရက်တွင် ဖော်ပြထားသည်။

အဆိုပါ မူဝါဒသည် သယ်ယူပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် အစိုးရက ဖြန့်ဖြူးမှုအတွက် ကျန်ကျစရိတ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်သောကြောင့် အင်ဒိုနီးရှားနိုင်ငံ နိုင်ငံအရှေ့ပိုင်း ဒေသများအပါအဝင် နိုင်ငံတစ်ဝန်း ဆန်ဈေးနှုန်းများကို တစ်သမတ်တည်းဖြစ်စေရန် ရည်ရွယ်သည်ဟု ဆိုသည်။

နိုင်ငံအရှေ့ပိုင်း ဒေသများတွင်ဈေးနှုန်းပိုမိုမြင့်မားလာမှုကို မလိုချင်ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန်ဈေးနှုန်းကို တစ်ပြေးညီသတ်မှတ်မည့်  မူဝါဒကျင့်သုံးနိုင်ရေး  ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စားနပ်ရိက္ခာညှိနှိုင်းအစည်းအဝေးအပြီးတွင်ဟာဆန်က ပြောကြားလိုက်ခြင်းဖြစ်သည်။

တစ်ပြေးညီသတ်မှတ်မည့်  ဆန်ဈေးနှုန်းမူဝါဒမှာ ပြင်ဆင်နေဆဲအဆင့်တွင် ရှိနေသေးပြီး ဖြန့်ဖြူး ခြင်း၊ ဘဏ္ဍာရေးနှင့် အခြေခံအဆောက်အအုံများ အစရှိသည့်ကဏ္ဍများတွင် ပေါင်းစပ်ညှိနှိုင်းပံ့ပိုးမှုများ လိုအပ်မည်ဖြစ်ကြောင်း   ဟာဆန်က  ဆက်လက်ပြောကြားသည်။

ဆင်ဟွာ