ပုသိမ် ဇန်နဝါရီ ၁၃
ပုသိမ်တက္ကသိုလ် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ပုသိမ်တက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်က အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးသည်။ ပြိုင်ပွဲတွင် ဘာသာရပ်ဌာနများမှ အမျိုးသားအသင်း ခုနစ်သင်းနှင့် အမျိုးသမီးအသင်း ခြောက်သင်း စုစုပေါင်း ၁၃ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မေချို


