စစ်တွေ ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ရန်ပြေမာန်ပြေ ဘုရားကြီးအား ဖူးမြော်ကြပြီး ဘက်စုံသုံးဆိပ်ကမ်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ သင်္ဘောများ၊ ရေယာဉ်များဖြင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
လှည့်လည်ကြည့်ရှု
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဂစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေဘုရား ကြီးအား ဖူးမြော်ကြည်ညိုကြကာ ဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုသည်။
ထို့နောက် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ပြည်နယ် ဆိပ်ကမ်းအရာရှိချုပ်က ဘက်စုံသုံးဆိပ်ကမ်း၏ ရေစူးအတိမ်အနက် အခြေအနေ၊ မြစ်ကြောင်းတူးဖော် ဆောင်ရွက်ရမည့် အခြေအနေ၊ သင်္ဘောများ ဝင်ရောက် ဆိုက်ကပ်နေမှုများ၊ ကုန်ပစ္စည်းများ အတင်အချ ပြုလုပ်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ် သယံဇာတရေးရာဝန်ကြီးက ဖြည့်စွက် အကြံပြု ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ စီမံချက်များရေးဆွဲ၍ စနစ်တကျ တင်ပြဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အမ်ဗွီအောင်ရတနာ(၁)သင်္ဘော၊ အမ်ဗွီရဲထွန်း အောင်(၁)သင်္ဘောတို့ဖြင့် ရန်ကုန်မြို့မှ ဆန်နှင့် အခြေခံစားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ဆက်လက်၍ အမ်ဗွီအောင်ရတနာ(၁)သင်္ဘောတွင် ဆန်နှင့် အခြေခံစားသုံးကုန်ပစ္စည်းများ ကုန်တင်ကုန်ချပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကြပြီး ကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ဈေးကွက်အတွင်း အမြန်ဆုံးဖြန့်ဖြူးရောင်းချရေး၊ ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသော နေရာများသို့ မရောက်ရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် အမ်ဗွီရဲထွန်းအောင်(၁)သင်္ဘောပေါ်မှ ဆန်နှင့် အခြေခံစားသောက်ကုန်များအား ကုန်တင် ကုန်ချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
စစ်တွေမြို့တွင် ကုန်တင်ကုန်ချပြုလုပ်နေသော အမ်ဗွီအောင်ရတနာ(၁)သင်္ဘောတွင် ဆန်နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ တန်ချိန် ၅၅၀ နှင့် အမ်ဗွီ ရဲထွန်းအောင်(၁) သင်္ဘောတွင် ဆန်နှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများ တန်ချိန် ၁၁၁၈ ဒသမ ၂ တန်တင်ဆောင်၍ စစ်တွေမြို့သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


