ဆိုဖီယာ  ဇန်နဝါရီ  ၁၃

ဘူလ်ဂေးရီးယားကျန်းမာရေးဝန်ကြီးဌာနသည် တုပ်ကွေးရောဂါနှင့် ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ပျံ့နှံ့လာခြင်းများကြောင့် နိုင်ငံ၏  တတိယလူဦးရေ အထူထပ်ဆုံး  ဗာနာခရိုင်သည်   ယာယီကပ်ရောဂါ  တိုက်ဖျက်ရေးအစီအမံများ ချမှတ်သည့် ပထမဆုံးခရိုင်ဖြစ်လာကြောင်း ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ကြေညာထားသည်။

ရောဂါကူးစက်မှုနှုန်းသည် လူအယောက် ၁၀၀၀၀ တွင် ၂၃၉ ဒသမ ၃၈ ဦးအထိ မြင့်တက်လာသောကြောင့် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ စာသင်ကျောင်းအားလုံး တွင် ကိုယ်တိုင်သင်ယူမှုလုပ်ငန်းစဉ်များကို ရပ်ဆိုင်းခြင်းအပြင် စာသင်ကျောင်းများမှ စီစဉ်သော အဖွဲ့လိုက်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းကဲ့သို့ ယာယီကပ်ရောဂါတိုက်ဖျက်ရေးအစီအမံများကို ဗာနာခရိုင်တွင် စတင်လိုက်ခြင်းဖြစ်သည်။

တုပ်ကွေးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ မြင့်တက်လာချိန်တွင် သယ်ယူပို့ဆောင်ရေးဌာနများ၊ ဆေးဘက်ဆိုင်ရာဌာနများနှင့် ဈေးဆိုင်များအပါအဝင် အများပြည်သူဆိုင်ရာနေရာများတွင် ပါးစပ်နှာခေါင်းစည်းများ ဝတ်ဆင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများကို တိုက်တွန်းထားသည်။                                            

ဆင်ဟွာ