ဇန်နဝါရီ ၁၆
နယူးဇီလန်နိုင်ငံ၏ အစားအသောက်ဈေးနှုန်းများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ လေးရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ ၄ ဒသမ ၄ ရာခိုင်နှုန်း နှစ်စဉ်မြင့်တက်မှုမှ လျော့ကျလာကြောင်း ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ကုန်စုံပစ္စည်းများသည် နှစ်စဉ် ၄ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး အသား၊ ကြက်၊ ငါးတို့က ၇ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စာရင်းအင်းဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
နို့ဈေးနှုန်း ၁၅ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်လာပြီး အမဲသားတုံးကင်ဈေးနှုန်း ၂၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာကာ အဖြူရောင်ပေါင်မုန့်သည် ၅၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ၎င်းက ဆိုသည်။
သံလွင်ဆီဈေးနှုန်းသည် ၂၀၂၅ ခုနှစ် မတ်လမှ ၂၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းကာ ၂၀၂၄ ခုနှစ် မတ်လနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ဈေးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုဆိုင်ရာပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဆလတ်ရွက်၊ သခွားသီးနှင့် ထောပတ်သီးကဲ့သို့သော ရာသီအလိုက် ဟင်းသီးဟင်းရွက်များ၏ ဈေးနှုန်းများလည်း ကျဆင်းသွားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


