ဇန်နဝါရီ ၁၆
သီရိလင်္ကာနိုင်ငံသို့ ၂၀၂၆ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဦးရေ သုံးသန်းဝင်ရောက်ရန်မျှော်မှန်းထားကြောင်းနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (SLTDA) သည် ယခုနှစ်အတွက် ၎င်း၏ခရီးသွားလုပ်ငန်း ရည်မှန်းချက်များ ပြည့်မီစေရန် အထူးအစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။
ရိုးရာအစဉ်အလာအရ အလုပ်များချိန်မဟုတ်သော လများအတွင်း ခရီးသွားများကို ဆွဲဆောင်ရန်အတွက် အဓိကအားဖြင့် ဥရောပဈေးကွက်များတွင် အာရုံစိုက်ကာ ပရိုမိုးရှင်းလှုပ်ရှားမှုများ စတင်သွားမည်ဟု ခရီးသွားလုပ်ငန်း အကြီးအကဲက ပြောကြားခဲ့သည်။
မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သီရိလင်္ကာသည် ခရီးသွားများကို ပိုမိုဆွဲဆောင်ရန်အတွက် အိန္ဒိယမြို့ကြီးများတွင် မကြာသေးမီက ပရိုမိုးရှင်းအစီအစဉ်များကို ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သီရိလင်္ကာသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမသီတင်းပတ်တွင် နိုင်ငံခြားခရီးသွား ၉၄၀၀၀ ကျော် ရောက်ရှိခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
ခရီးသွားလုပ်ငန်းသည် နိုင်ငံအတွက် အဓိက နိုင်ငံခြားဝင်ငွေရှာဖွေပေးသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ခရီးသွား သုံးသန်းလာရောက်ရန် မျှော်လင့်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


