မြင်းမူ ၂၀ မတ်
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သင်ကြားခဲ့သော နွေရာသီအခြေခံအားကစား သင်တန်းဆင်းပွဲကို မတ်လ(၁၉)ရက်နေ့ ညနေပိုင်းက မြင်းမူမြို့ပြည်သူ့ အားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှုးဦးဝင်းလှိုင် က သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့မှုနှင့် မြန်မာ့အားကစားလောကအတွက် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာရေး ဆက်လက်ကြိုးစား ကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် သင်တန်းဆင်း အဖွဲ့များကိုယ်စား သိုင်းပြောင်းပြန် အားကစားသမားများက အဖွဲ့လိုက် သိုင်းပညာပြကွက်များ၊ တစ်ဦးချင်းတိုက်ခိုက်မှု စွမ်းရည်ပြကွက်များဖြင့် သရုပ်ဖေါ်ပြသပေးခဲ့ကြသည်။ ယင်းနောက် သင်တန်းနည်းပြ ဆရာများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းသား၊ သင်တန်းသူများအားသက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ယခုဖွင့်လှစ် သင်ကြားခဲ့သော သင်တန်းများတွင် ကျား/မ ဘောလုံး(၅၄)ဦး၊ ကျား/မကြက်တောင်ရိုက်(၁၄)ဦး၊ ကျား/မ သိုင်းပြောင်းပြန်(၆၉)ဦး၊ စားပွဲတင် တင်းနစ် ကျား/မ(၁၂)ဦးနှင့် ပိုက်ကျော်ခြင်း(ကျား)(၈)ဦး တက်ရောက်သင်ကြားခဲ့ကြပြီး သင်တန်းကာလမှာ ၂၀.၂.၂၀၁၉ မှ ၁၉.၃.၂၀၁၉ ထိ (၁)လကြာသင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


