တွန်းဇံ ၂၀ မတ်
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ယနေ့နံနက် ၁၁ နာရီအချိန် မြို့နယ်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်စဉ်စီမံကိန်းရည်မှန်းချက် အတည်ပြုနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကျင်းပသည်။
ယင်းအစည်းအဝေးတွင် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထောင်ခိုမန်၊ အမှတ်(၂)မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်နှင့် တွန်းဇံမြို့နယ် နှစ်စဉ်စီမံကိန်း အကောင်အထည်ဖော် ရေးဆွဲရေးကော်မတီဝင်များသည် တွန်းဇံမြို့အတွင်း ဌာနဆိုင်ရာများမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းလျာထားချက်များကို အတည်ပြုနိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွန်းဇံမြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီး၏ ပြည်ထောင်စုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လျာထားချက်များအား အတည်ပြု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


